သံတောင်ကြီး စက်တင်ဘာ ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်၍ ပြည်သူများ သိရှိစေရန်နှင့် အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးအသိပညာပေး Talk Show ကို ယနေ့နံနက် (၁၀) နာရီအချိန်က သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး နော်နီလာအေးက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအသိပညာပေး Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်များပြောကြားပြီး မြို့နယ်ဦးစီးအရာရှိ နော်လော်မူက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် စပ်လျဉ်းသည့်အကြောင်းအရာများ၊ အမျိုးသမီးများအား လူကုန်ကူးခြင်း၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုအဖြစ်များသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ၊ ပြစ်မှု၊ ပြစ်ဒဏ်များ၊ အမျိုးသမီးများအား ကြိုတင်ကာကွယ်စောင့် ရှောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုများအား အကျယ်တဝင့်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
နော်နော်မူ (ပြန်/ဆက်)