အင်္ဂပူ စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၌ ကုန်စည်စျေးနှုန်းများမြင့်တက်နေမှုကို ထိန်းချုပ်နိုင် ရေးအတွက် ပြင်ပပေါက်စျေးထက် သက်သာသောဈေးနှုန်းများဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ ပူးပေါင်း ပြီး ယမန်နေ့ နံနက်ပိုင်းက အင်္ဂပူမြို့၊ မြို့မဈေးတွင် ပြည်သူများအား အခြေခံစားသုံးကုန်စည်များ ရောင်းချ ပေးခဲ့သည်။
အဆိုပါ စားသုံးကုန်များ ရောင်းချရာသို့ အင်္ဂပူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင် များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေမျိုးလင်းတို့က စျေးရောင်း၊ စျေးဝယ်မှုများအား ကြည့်ရှုအားပေးကူညီခဲ့ပြီး ရောင်းချရာတွင် ဆန်တစ်ပြည်လျှင် ၁၅၀၀ ကျပ်ဖြင့် ဆန်(၁၀)အိတ်၊ ကြက်ဥ ၃ လုံး ၅၀၀ ကျပ်နှုန်းဖြင့် ကြက်ဥ(၁၀၀၀)လုံး၊ စာသုံးဆီ (၅၀)ကျပ်သား ၃၅၀၀ ကျပ်နှုန်းနှင့် (၁၁၆)ပိဿာ၊ ဟင်းသီး၊ ဟင်းရွက်များ ရောင်းချပေးခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)