ရွှေတောင်မြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် စာလုံးဖောက်နည်း သင်တန်းဖွင့်လှစ်

ရွှေတောင် စက်တင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာလုံးဖောက်နည်း သင်တန်းကို ယမန်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က မိမိတို့ လူထုအခြေပြု ဗဟိုဌာနတွင် လစဉ်  ပြိုင်ပွဲများ၊ သင်တန်းများ၊ Talk Show များ၊ စာဖတ်ဝိုင်းများ၊ အသိပညာပေး ဟောပြောပွဲများနှင့် အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပလျက်ရှိ‌ကြောင်း၊ အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုသည့် နောက်ခံ backgrounds များတွင် အချိန်ကုန်သက်သာပြီး လွယ်ကူလျင်မြန်စွာ အသုံးပြုနိုင်ရန် ရည်ရွယ်၍ သင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းတွင် သင်တန်းနည်းပြ ဦးကိုကိုမင်း ဓာတ်ပုံ-၂က စာလုံးပုံစံအမျိုးမျိုး၊ စာလုံးအရွယ်အစား တိုင်းတာခြင်း၊ အသုံးပြုမည့် ပစ္စည်းအပေါ် မူတည်၍ စာလုံးပုံစံပြောင်းလဲကာ ဒီဇိုင်းဖောက်နည်း စသည့်ဖြင့် စာတွေ့လက်တွေ့ ပြုလုပ်ဆောင်ရွက်စေလျက် သင်ကြားပေးခဲ့ကြောင်းနှင့် အဆိုပါ သင်တန်းကို စိတ်ပါဝင်စားသည့် လူငယ်များနှင့် ဌာနတွင်းဝန်ထမ်းများ တက်ရောက်ကြပြီး  စက်တင်ဘာ (၁၉)မှ (၂၀) ရက်နေ့ထိ နှစ်ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)