မုံးထမြို့၌ မိသားစုတစ်ပိုင်တစ်နိုင်ဝက်မွေးမြူရေးလုပ်ကိုင်သူများ အဆင်ပြေ

မုံးထ စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့ခရိုင်၊ မုံးထမြို့၌ မိသားစုတစ်ပိုင်တစ်နိုင် ဝက်မွေးမြူသူများ ဝက်ပြန်လည်ရောင်းချရာတွင် ဈေးကောင်းရ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

"ကျွန်တော်တို့မိသားစုက ကိုယ်နိုင်သလောက် ဝက်မွေးမြူကြပါတယ်၊ တစ်နိုင်တစ်ပိုင်ဆိုပေမယ့် မိသားစု အပိုဝင်ငွေအတွက် အဆင်ပြေပါတယ်၊ အခု‌တော့ ဝက်(၃)ကောင်မွေးထားတယ်၊ ရောင်းလို့ ရတဲ့ အရွယ်တော့ရောက်ပြီ၊ ဝက်ဒိုင်က လာဝယ်ရင်တော့ သူ့အရွယ်အစားအလိုက် တစ်ကောင်ကို ကျပ်(၂)သိန်း ခွဲကနေ(၃)သိန်းဝန်းကျင်ထိရပါတယ်"ဟု ဝက်မွေးမြူသူ ဉီးစိုင်းခေးလောင်က ပြောသည်။

မုံးထမြို့တွင် ဝက်သားတစ်ပိဿာလျှင် (၁၆၀၀၀)ခန့်ရောင်းချလျက်ရှိကြောင်း မုံးထမြို့ စည်ပင် သာယာရေးဌာနမှ သိရသည်။

နာဒါရှဲန်(ပြန်/ဆက်)