ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသိပညာပေး Talk Show ပြုလုပ်

ညောင်လေးပင် စက်တင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေး Talk Show ကို ယနေ့မွန်းလွဲ နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်နီနီဝင်းမှ Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးချိုမင်းသွင်မှ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနရုံး၏ အဓိကရည်ရွယ်ချက်များဖြစ်သည့် အလုပ်သမားများဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ အလုပ်သမားဥပဒေပါ ရပိုင်ခွင့်များကို နစ်နာဆုံးရှုံးမှုမရှိေစးရေးအတွက် ဥပဒေပါ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည့်ပြည့်ဝဝ မှန်မှန်ကန်ကန်ရရှိစေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဆောင်ရွက်ရာတွင် အလုပ်သမားဥပဒေပါ အကျိုးခံစားခွင့်များရရှိစေရန် ကြီးကြပ်အကောင်အထည်ဖော်ခြင်းနှင့် စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်၊ လုပ်ငန်းဌာနများတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)