ကျောက်ဆည် စက်တင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာမြင်းခြံ ကျော်အောင်(ခ)သန်းထက်စံရေးသားသည့် ကြီးပွားအောင်မြင်အောင်ပန်းဆင် စာအုပ်အား ယနေ့မွန်းလွဲ (၁)နာရီက စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက စာဖတ်ဝိုင်းများကျင်းပပြုလုပ်ခြင်းအားဖြင့် စာဖတ်ရှိန်များပိုမိုမြင့်တတ်လာပြီး အသိပညာ ဗဟုသုတများကြွယ်ဝလာကာ အမှန်နှင့်အမှားကောင်းစွာခွဲခြားဆုံးဖြတ်နိုင်ပြီး၊ အချိန်ကို ကောင်းစွာအသုံးခသူများ ဖြစ်စေကြောင်းစသည့် ရည်ရွယ်ချက်များအကြောင်းရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ၊ စာရေးဆရာမောင်ခိုင်ကျော်(ကျောက်ဆည်)က ကြီးပွားအောင်မြင်အောင်ပန်းဆင် စာအုပ်တွင်ပါရှိသာ မအောင်မြင်လို့မဖြစ်ဘူး၊ အောင်မြင်ကြီးပွား အောင် ဝိုင်းကူကြမှာပါ၊ အရေးအကြီးဆုံး များ၏အန္တရာယ်များ၊ စွမ်းရည်ထက်မြက်ရေး၊ အတတ်ပညာ သင်ယူ/ခံယူခြင်း၊ စိတ်၏ချမ်းသာခြင်း စသည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဦးစီးအရာရှိဒေါ်ခင်နှင်းရီက တစ်နေ့ချင်းကို အောင်ပန်းဆင်၊ အောင်မြင်မှုကိုရမည်ပင်၊ ပင်ကိုစရိုက်လက္ခဏာ၊ စိတ်ကျန်းမာကြံ့ခိုင်ရေး၊ စိတ်ဆန္ဒ၏စွမ်းအား၊ အချိန်အခါသိမှု၊ အောင်မြင်သူနှင့် မအောင်မြင်သူ ဘာကွာလဲ စသည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား/ကျေင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရ သည်။
သက်မောင်(ကျောက်ဆည်)