ကျောက်ကြီးမြို့နယ်၌ အသက်(၁၂)အောက် ကျောင်းသား ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးနှံ

ကျောက်ကြီး   စက်တင်ဘာ  ၂၀

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် အထက(ခွဲ) ပဲခူးရပ်ကျောင်း၌ ယနေ့နံနက် နာရီတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)အောက် ကျောင်းသား ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံလျှက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံမှုအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံမှုဖြင့် ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ က ကျောက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)အောက် ကိုဗစ် - ၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ထိုးနှံပေးရခြင်းဖြစ်ကြောင်းနှင့် ကိုဗစ်- ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးအား အကြိမ်ပြည့်ထိုးနှံကြရန်လိုကြောင်း မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ က သိရသည်။

မြို့နယ် (ပြန်/ဆက်)