ဝေါမြို့၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပ

ဝေါ   စက်တင်ဘာ  ၂၀

ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီ က ပဲခူးခရိုင်၊ ဝေါမြို့အခြေခံပညာအထက်တန်းကျောင်း သီရိဇေယျာခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင်  ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ပဲခူးခရိုင် ဦးစီးမှူး ဦးစိုးမိုးနှင့် ဦးစီးမှူး ဦးကျော်ဆန်းဝင်း တို့က စားသုံးသူကာကွယ်ရေးဥပဒေပါအခန်းလိုက်၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ၊ စီးပွားရေးလုပ်ငန်းရှင်ဆိုင်ရာ ဥပဒေ၊ စားသုံးသူအခွင့်အရေး ()ချက်ပါ အကြောင်းအရာများ၊ စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်များရဲ့ တာဝန်များ၊ စားသုံးသူများ တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ နစ်နာသည့်စားသုံးသူများ တိုင်ကြားနိုင်မည့် အခြေအနေများနှင့် တိုင်ကြားနိုင်သည့် နေရာများ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကုန်အညွှန်းအမှတ်အသား ဖေါ်ပြခြင်းဆိုင်ရာ သိသင့်သိထိုက်သည်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနရုံးမှ  ဦးစီးမှူး ဒေါ်ကြည်ကြည်ဇင် က ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း စားသုံးသူများအား အကာအကွယ်ပေးမှု အစီအစဉ်များနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ပြည်သူများသိရှိစေရန် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ပြီး ကျောင်းမုန့်စျေးရောင်းချနေမှုအား ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)