ရွှေကျင် စက်တင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် နိုင်ငံတော်အစိုးရမှ သက်ကြီးရွယ်အိုများ၏ ကျန်းမာရေး၊ အာဟာရဖွံ့ဖြိုးတိုးတက်စေရန်နှင့် သက်ကြီးရွယ်အိုများ၏ ဝင်ငွေလုံခြုံမှုကို မြှင့်တင်ရန်ရည်ရွယ်၍ နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော လူမူရေး ထောက်ပံ့ငွေများကို ယနေ့မွန်းလွဲ (၂)နာရီ က မြို့ပေါ်(၈) ရပ်ကွက်ရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၉၁)ဦးတို့အား အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးခဲ့သည်။
နိုင်ငံတော်မှ လူမူရေးပင်စင်ထောက်ပံ့ခြင်းများကို အသက်(၈၅) နှစ်အထက် သက်ကြီးအဘိုးအဘွားများအား တစ်လလျှင် ငွေကျပ်တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိရာ လူမူရေးပင်စင်ရရှိသော အဘိုး(၄၁)ဦးနှင့် အဘွား(၅၀)ဦးတို့အား တစ်ဦးလျှင် ငွေကျပ် (၃)သောင်းစီဖြင့် စုစုပေါင်းငွေကျပ် (၂၇၃၀၀၀၀)ကို ရွှေကျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်သက်သက်အောင်၊ မြို့နယ်လူမူဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ပြုံးပြုံးရီနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးတို့က အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)