သတင်းများ

အင်္ဂပူမြို့နယ်တွင်‌ ရေဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Jul 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ် ဦးစီးမှူးရုံးမှ ရေဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ သည်။
မိုင်းခတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေးဆွေးနွေးပွဲပြုလုပ်
Jul 08,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်
အ.ထ.က(မတ္တရာ)တွင် ကျောင်းနှင့်ဝန်းကျင်စိမ်းလန်းစိုပြေရေး သစ်ပင်၊ ပန်းပင် ၁၅၀၀ စိုက်ပျိုး
Jul 08,2022
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (မတ္တရာ)တွင် ကျောင်းနှင့်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် စုပေါင်းသစ်ပင် စိုက်ပျိုးခြင်းကို ယနေ့နံနက် ၉နာရီက အဆိုပါ ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပန်းတနော်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ဆက်လက်ထုတ်ချေးပေး
Jul 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ မိုးစပါး စိုက်ပျိုး စရိတ်ချေးငွေ ထုတ်ချေးခြင်းကို ကျေးရွာအုပ်စု ၂ အုပ်စုရှိ တောင်သူများအား ယမန်နေ့ မွန်းလွဲ ၂ နာရီက ဆက်လက်ထုတ်ချေးပေးလျက်ရှိသည်။
ပန်းတနော်မြို့နယ်တွင် သက်ကြီးဘိုးဘွားများအား တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်း ဆေးကုသပေး
Jul 08,2022
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် မြို့နယ်တိုင်းရင်းဆေး ကုသရေးဦးစီးဌာနမှ ယနေ့ နံနက် ၉ နာရီက အောင်သပြေဘိုးဘွားရိပ်သာရှိ သက်ကြီးဘိုးဘွားများအား တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်း ဆေးကုသပေးခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ
Jul 08,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား နေ့ထူးနေ့မြတ်များတွင် တစ်နေ့ အပါအဝင်ဖြစ်သည့် အာဇာနည်နေ့အကြောင်းကို ဗဟုသုတရရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးတိုးတက်မြင့်မားစေရန်နှင့် စာဖတ်သည့် အလေ့အထများဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း
နတ်မောက်မြို့တွင် မိုးခေါ်သည့် လွန်ဆွဲပွဲများ ကျင်းပ
Jul 08,2022
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတစ်ခုဖြစ်သည့် နတ်မောက်မြို့နယ်သည် ဇွန်လဆန်းမှစ၍ လကုန်အထိ မိုးရွာသွန်းမှု မရှိသလောက် နည်းပါးခဲ့သည်။ မိုးရွာသွန်းမှု နည်းပါးသဖြင့် ပူပြင်း ခြောက်သွေ့လျက်ရှိပြီး အများပြည်သူများ၏ လူမှုပတ်ဝန်းကျင်တွင် စိတ်မပျော်မရွှင်ဖြစ်နေကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ပြည်နယ်ကျက်သရေဆောင် “သာသနာ့ဝေစည်ဓမ္မဗိမာန်တော်ကြီး” တည်ဆောက်ပြီးစီးနိုင်ရေးအတွက် ကော်မတီဖွဲ့စည်းခြင်း ညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 08,2022
ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ကြာအင်းတောင်ခြေရင်း၌ တည်ဆောက်လျက်ရှိသော ပြည်နယ်ကျက်သရေဆောင် “သာသနာ့ဝေစည်ဓမ္မဗိမာန်တော်ကြီး” တည်ဆောက်ပြီးစီးနိုင်ရေးအတွက် လှိုင်းဘွဲမြို့နယ်အတွင်း အလှူခံရရှိရေးနှင့်ကော်မတီဖွဲ့စည်းနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက လှိုင်းဘွဲမြို့မ ဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။