ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းများဆောင်ရွက်

ထန်းတပင်  စက်တင်ဘာ  ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲအိုမီခရွန် (Omicron) ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်တာဝန်ရှိသူများ ပူးပေါင်းကာ နှာခေါင်စည်းတပ်ဆင်သွားလာစေရေး လှုပ်ရှားဆောင်ရွက်မှုများနှင့် ဆိုဒီယမ်ဟိုက်ပိုကလိုရိုက် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို လူအသွားအလာများပြားသည့်နေရာတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် စက်တင်ဘာလ()ရက်နေ့တွင် ဘုရင့်နောင်လမ်း၊ ဦးစံအေးလမ်းတလျှောက်နှင့် အမှတ်() အခြေခံပညာမူလတန်းကျောင်းတို့တွင် ဆိုဒီယမ်ဟိုက်ပိုကလိုရိုက် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို မီးငြှိမ်းသတ်ယာဉ်ဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြသလို စက်တင်ဘာလ(၁၅)ရက်နေ့နှင့် စက်တင်ဘာလ (၁၇)ရက်နေ့ဆို့တွင်လည်း ထန်းတပင်မြို့မစျေး၊ စျေးရှေ့တို့တွင် အများပြည်သူများအား နှာခေါင်းစည်းများ အခမဲဖြန့်ဝေပေးခြင်း (Mask Campaign) နှင့် စျေးနှင့်စျေးရှေ့တို့တွင် ဆိုဒီယမ်ဟိုက်ပိုကလိုရိုက် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးမင်းအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ ဆိုဒီယမ်ဟိုက်ပိုကလိုရိုက် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို မီးငြှိမ်းသတ်ယာဉ်ဖြင့် ဆောင်ရွက်ခဲ့ကြသလို မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍လည်း ထန်းတပင်မြို့မစျေးရှိ စျေးသည်များ၊ မြို့မစျေးသို့ လာရောက်ကာ စျေးဝယ်ကြသူများ၊ စျေးရှေ့ ဖြတ်သန်းသွားလာနေကြသူများတွင် နှာခေါင်းစည်း တပ်ဆင်ထားခြင်းမရှိပါက တစ်ခါသုံးနှာခေါင်းစည်း Mask များကို (အခမဲ့)ဖြန့်ဝေဆောင်ရွက်ခဲ့ကြကာ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာရာတွင် နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်သွားလာစေရေးတို့ကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။                 

ဇင်မင်းထိုက်(ထန်းတပင်)