သတင်းများ

ဘားအံမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး
Sep 21,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ရေး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် စုရပ် (၁၀) နေရာတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများ ဆက်လက်‌ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း၊ စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာ အားပေးကူညီမှုသင်တန်း မြိတ်မြို့တွင် ဖွင့်လှစ်
Sep 21,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း၊ စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာ အားပေးကူညီမှုသင်တန်းကို မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးတွင် ယနေ့နံနက်(၉)နာရီခွဲက မြန်မာနိုင်ငံကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်းနှင့်ဘေး အန္တရာယ်ကင်းရှင်းရေးဌာနမှ ဖွင့်လှစ်ခဲ့သည်။
နွားထိုးကြိးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများထုတ်ပေး
Sep 21,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းမှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းနှင့်အညီ ပင်စင်လစာငွေ ထုတ်ပေးလျက်ရှိသည်။
နောင်တရားမြို့၌ ဆီထွက်သီးနှံ နှမ်းလုံး ဧက(၈၀၀)ကျော်စိုက်ပျိုး
Sep 21,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အနီးပတ်ဝန်းကျင်ကျေးရွာများတွင် ဆီထွက်သီးနှံဖြစ်သည့် နှမ်းလုံးကို ဧက(၈၀၀)ကျော် စိုက်ပျိုးထားကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။
မိုင်းခတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
Sep 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်မားစေရန် ရည်ရွယ်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက မိုင်းဟန်ကျေးရွာ၊ အခြေခံပညာအလယ်တန်း‌ကျောင်း(ခွဲ)တွင်ကွင်းဆင်းဆောင်ရွက်ခဲ့‌ကြောင်
ကျောက်ပန်းတောင်းမြို့နယ် တခါးကြီးကျေးရွာတွင် စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Sep 21,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် တငါ့ကန်ကျေးရွာအုပ်စု၊ တခါးကြီးကျေးရွာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်သည့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့်ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီခွဲက အဆိုပါ ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း စိန်ရတုဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကြံခင်းမြို့ မြန်မာ့စီပွားရေးဘဏ်တွင် ပင်စင်လစာငွေများ စတင်ထုတ်ပေး
Sep 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများကို ယနေ့ နံနက် ၆ နာရီက စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ပင်စင်လစာများ ထုတ်ပေးခြင်းကို မြို့နယ်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဒေါ်ယဉ်ယဉ်မွန်နှင့် တာဝန်ရှိသူများက ပင်စင်လစာလာရောက်ထုတ်သူ ပင်စင်စားများ စနစ်တကျထုတ်ယူနိုင်ရန် စီစဉ်ဆောင်ရွက် ထုတ်ပေးလျက်ရှိပါသည်။
တောင်သာမြို့နယ်တွင်   ၂၀၂၂   မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး
Sep 21,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊တောင်သာမြို့နယ်ရှိ  တောင်သူများ အဆင်ပြေစေနိုင်ရေးအတွက် နိုင်ငံတော်က အတိုးနှုန်းသက်သာစွာဖြင့်  မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ  ဒေသခံတောင်သူများအားဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။