သတင်းများ

လှိုင်းဘွဲမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေး အသိပညာပေး Talk Show ဆွေးနွေးပွဲဆောင်ရွက်
Sep 21,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ ကလေးသူငယ်များအား ရရှိရထိုက်သော အခွင့်အရေးများနှင့်ပတ်သက်၍ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ငါန်းဇွန်မြို့နယ် ကျောက်တလုံးကျေးရွာ အ.ထ.က (ခွဲ) တွင် အသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပ
Sep 21,2022
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ကျောက်တလုံးကျေးရွာ အခြေခံပညာအထက်တန်း (ခွဲ) ကျောင်း၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား လူငယ်နှင့်ခေါင်းဆောင်ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပကြောင်း သိရသည်။
မိုးညှင်းမြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ကော်မတီဝင်များအား ငွေစာရင်း ထိန်းသိမ်းပြုစုနည်းသင်တန်းဖွင့်လှစ်
Sep 21,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာ(ဆီထွက်သီးနှံ) ဆောင်ရွက်မည့် ကျေးရွာ(၃)ရွာမှ ကော်မတီဝင်များအား ငွေစာရင်းထိန်းသိမ်းပြုစုနည်းသင်တန်းကို ယနေ့ နံနက် ၁၀ နာရီက အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မိတ္ထီလာ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုထပ်ဆောင်း ( Booster Dose ) ထိုးနှံပေးမည်
Sep 21,2022
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီး၍ ခြောက်လပြည့်ပြီးသည့် အသက် ၁၈ နှစ်နှင့်အထက် ဒေသခံပြည်သူများအား အပိုဆောင်းကာကွယ်ဆေးနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို ဒုတိယအကြိမ်အပိုဆောင်း (Booster Dose) ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ တာဝန်ရှိသူထံက သိရသည်။
ရေးမြို့နယ်တွင် နယ်စပ်ဒေသဖွံ့ရေးပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာများသို့ ဆိုလာများ ထောက်ပံ့လှူဒါန်း
Sep 21,2022
နပ်စပ်ရေးရာဝန်ကြီးဌာန၊ ရေးမြို့နယ်ဒေသဖွံ့ရေးကြီးကြပ်မှုရုံးမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာများသို့ ဆိုလာထောက်ပံ့လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ရေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ကျောက်တန်းမြို့နယ်တွင် ပြည်သူများလက်ဝယ်အရောက် ဆန်၊ ဆီ၊ ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ဖြန့်ဖြူးရောင်းချ
Sep 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ ယမန်နေ့နံနက် ၈ နာရီတွင် ဆင်ကန်ရပ်ကွက် အာသောကာရာမပရိယတ္တိစာသင်တိုက်ရှိ သာသနာ့ဝေပုလ္လဓမ္မဗိမာန်တွင် ဆန်၊ ဆီ၊ ကြက်ဥများအား ညွှန်ကြားချက်များနှင့်အညီ Mask Campaign ပြုလုပ်ပြီး ရောင်းချခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့ မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများထုတ်ပေး
Sep 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက်ပိုင်းကစတင်၍ ပင်စင်စားများ၏ လက်ဝယ်အရောက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်အတွင်းရှိ အသက် (၁၈) နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် နေ့စဉ်ဆောင်ရွက်ပေး
Sep 21,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် သရက်ချောင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် နေ့စဉ်နံနက် ၉ နာရီခွဲအချိန်မှစ၍ ထိုးနှံပေးလျက် ရှိသိရသည်။