ကလေးဝမြို့တွင် အခြေခံစားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Sep 21,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စားသောက်ရေး အဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချခြင်းကို ယမန်နေ့ နံနက် ၇ နာရီမှ ၉ နာရီအထိ ကလေးဝမြို့ အမှတ် (၁) ရပ် ကွက်ရှိ မြို့မရဲစခန်းရှေ့၌ ရောင်းချပေးခဲ့သည်။