ကလေးဝ စက်တင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စားသောက်ရေး အဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချခြင်းကို ယမန်နေ့ နံနက် ၇ နာရီမှ ၉ နာရီအထိ ကလေးဝမြို့ အမှတ် (၁) ရပ် ကွက်ရှိ မြို့မရဲစခန်းရှေ့၌ ရောင်းချပေးခဲ့သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်၏ ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိ အကြီးအကဲများက မနောသုခ ဆန် ၁ ပြည်၊ ဆီ ၁၀ ကျပ်သား၊ ကြက်ဥ ၅ လုံး တို့အား စုပေါင်းပြီး ပုံမှန်စျေးနှုန်းထက်လျော့ နည်း၍ အထုပ်တစ်ထုပ်လျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် ဒေသခံပြည်သူများအား သက်သာစွာ ဝယ်ယူနိုင်ရန် ရောင်းချပေးခဲ့သည်။
ယင်းတို့ရောင်းချပေးရာတွင် ဆန်၊ ဆီ၊ ကြက်ဥတို့အား စုပေါင်း၍ တစ်ထုပ်လျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း အထုပ်ရေ ၃၀၀ ထုပ်အား ရောင်းချပေးခဲ့ပြီး အင်္ဂါနေ့နှင့် သောကြာနေ့များတွင် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စားသောက်ရေး အဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သက်ဟန်(ကလေးဝ)