မိုင်းဖြတ် စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ရှမ်းပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးချိုနိုင်ထွန်းသည် မြို့နယ်အတွင်းရှိ ရော်ဘာ၊ ကော်ဖီ၊ လက်ဖက်၊ မက္ကဒေးမီးယား၊ နေကြာစိုက်တောင်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ညနေ ၃နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးချိုနိုင်ထွန်းက စိုက်ပျိုး မွေးမြူ ရေးမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအကြောင်းနှင့် စပ်လျဉ်းပြီး အမှာစကားပြောကြားခဲ့ သည်။ ထို့နောက် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်က မြို့နယ် အတွင်း သီးနှံစိုက်ပျိုးထုတ်လုပ်ရေး အစုအဖွဲ့များ ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်း တင်ပြခဲ့သည်။ ယင်းနောက် တာချီလိတ်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးမိုးကျော်စွာဝင်းက စိုက်ပျိုးမွေးမြူရေး မြစိမ်းရောင် စီမံကိန်းလုပ်ငန်းပါ အချက်အလက်များ၊ စိုက်ပျိုးရေးကဏ္ဍအတွက် ဦးစားပေးဆောင်ရွက်သင့်သည့် သီးနှံများ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၏ လမ်းညွှန်မှာ ကြားချက်များများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသည့် သီးနှံစိုက်တောင်သူများက အခက်အခဲများကို တင်ပြခဲ့ရာ ညွှန်ကြားရေးမှူး ဦးချိုနိုင်ထွန်းက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး လိုအပ်ချက် များကို လမ်းညွှန်မှာ ကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)