သာစည်မြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

သာစည် ဇန်နဝါရီ ၂၁

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်ရာ မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကင်းဝေးစေရန် မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၉ ရက်နေ့ ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့် ဆော်ဩခြင်းများ လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မီးဘေးကြိုတင်ကာကွယ်ရေး နှိုးဆော်ရာ၌ နေအိမ်တိုင်းတွင် မီးချိတ်မီးကပ်၊ သဲ၊ လှေကား၊ ရေနှင့် မီးသတ်ဆေးဘူးများ ပြည့်စုံစွာထားရှိရန်၊ မီးဖိုမီးကို အန္တရာယ်ကင်းရှင်းစွာဖြင့် သတ်မှတ်ချိန်အတွင်း စနစ်တကျအသုံးပြုရန်နှင့် မီးကြွင်းမီးကျန်များကို သေချာစွာငြှိမ်းသတ်ရန်၊ လျှပ်စစ်ပစ္စည်းများ၊ ဂတ်စ်မီးဖိုများနှင့် မီးဘေးအန္တရယ်စိုးရိမ်ရသောလုပ်ငန်းများ စသည်ဖြင့် မီးဘေးလုံခြုံရေးဆိုင်ရာ အချက်များကို လက်ထောက်မီးသတ်ဦးစီးမှူး ဦးရဲဌေးဦးနှင့် တပ်ဖွဲ့ဝင် ငါးဦးတို့က လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)