လပွတ္တာခရိုင် (၃)မိုင်မြို့၌ (၂၀၂၄-၂၀၂၅)ပညာသင်နှစ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

လပွတ္တာ ဇန်နဝါရီ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ (၃)မိုင်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း  ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် Grade-6 ကျောင်းသား၊ ကျောင်းသူလေးများက "ကြိုဆိုပါသည် စုံညီပွဲတော်" သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးက အဖွင့်အမှာစကားပြောကြားခြင်း၊ လပွတ္တာခရိုင် ပညာရေးမှူး ဦးဦးသန်း‌မောင်က အမှာစကားပြောကြားခြင်း၊ လပွတ္တာခရိုင် အ.ထ.က(၃)မိုင် စက်၊ စိုက်၊ မွေးကျောင်းအုပ်ဆရာကြီး ဦးမြင့်‌ဇော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး Grade-10 ကျောင်းသား၊ ကျောင်းသူလေးများက "မင်္ဂလာပါ" သီချင်းဖြင့် ကပြဖျော်ဖြေခြင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးရအောင်သင်ကြားပေးသော ဆရာ၊ ဆရာမများနှင့် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်း၊ Grade-1 ကျောင်းသားလေးများက " သျှောင်ပေစူး" သီချင်းဖြင့် ကပြဖျော်ဖြေခြင်း၊ ဘက်စုံထူးချွန်ဆုရကျောင်းသား၊ ကျောင်းသူများနှင့် ပညာရည်ချွန်ဆုများချီးမြှင့်ပြီး Grade-6/7 ကျောင်းသား၊ ကျောင်းသူလေးများက "ဘက်စုံပညာကိုရည်တို့လှမ်းချီ" သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားအား ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရနှင့် အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)