ပခုက္ကူမြို့၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများ ပုံမှန်အတိုင်း ဆက်လက်ထုတ်ပေး

ပခုက္ကူ ဇန်နဝါရီ ၂၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို လစဉ်ထုတ်ပေးလျက်ရှိရာ ယခုလ ၂၁ ရက်မှစတင်ပြီး ပုံမှန်အတိုင်း ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထုတ်ပေးရာတွင် ပခုက္ကူမြို့၊ မြန်မာ့စီးပွားရေးဘဏ်ခွဲဝန်ထမ်းများက ပင်စင်လထုတ်ယူမည့် အငြိမ်းစားဝန်ထမ်းများ၏ စာရင်းအချက်အလက်များကို စနစ်တကျရေးသွင်းပြုစုဆောင်ရွက်ကြပြီး မြို့ပြပင်စင်၊ နိုင်ငံရေးပင်စင်၊ ကာကွယ်ရေးပင်စင်၊ မြန်မာ့စီးပွားရေးပင်စင်အမျိုးအစားများအလိုက် E.Pension Card ၊ ငွေစုဘဏ်စာရင်း၊ ပင်စင်စာအုပ်တို့ဖြင့် နံနက် ၇ နာရီမှ မွန်းလွဲ ၂ နာရီအထိ အသုတ်လိုက်ခွဲ၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)