ကလောမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ပုံမှန်ထုတ်ပေး

ကလော ဇန်နဝါရီ ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် မြန်မာ့စီးပွားဘဏ်တွင် ဘဏ်မန်နေဂျာနှင့် ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီက ကလောမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ပင်စင်လစာထုတ်ယူကြသော အငြိမ်းစားမိဘပင်စင်များ လာရောက်ထုတ်ယူရာတွင် ပင်ပန်းမှုမရှိစေဘဲ သက်သာလွယ်ကူစွာထုတ်ယူနိုင်ရေးကို အစဉ်အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိဘပင်စင်စား ကိုယ်တိုင်မထုတ်ယူနိုင်ပါက ကိုယ်စားလှယ်မှတဆင့် ထုတ်ယူနိုင်ပြီး လက်ရှိပင်စင်လစာထုတ်ယူနေသည့် ဘဏ်ခွဲမှ ထုတ်ယူရန် ပိုမိုအဆင်ပြေမည့် မိမိနှစ်သက်ရာ မြန်မာ့စီးပွားရေးဘဏ်ခွဲသို့ ပြောင်းရွေ့ထုတ်ယူနိုင်ကြောင်း၊ မိမိပင်စင်ထုတ်ယူသည့် ဘဏ်ခွဲ၌ ငွေစုဘဏ်/စာရင်းရှင်/ Mobile Money / Wave Money / ATM စာရင်းသို့ လစဉ်ထည့်သွင်းပေးရန် မြန်မာ့စီးပွားရေးဘဏ်ခွဲသို့ အကြောင်းကြားထားပါက လူကိုယ်တိုင်ဘဏ်ခွဲသို့သွားရန်မလိုအပ်ဘဲ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ စာရင်းပြောင်းနည်းဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဘဏ်သို့သွားရောက်ရသည့် အကြိမ်အရေအတွက် အချိန်ကုန်ခြင်းတို့သက်သာစေရန်နှင့် လွယ်ကူလျင်မြန်စေရန် E-Pension စမတ်ကတ်(Smart Card)များပြုလုပ်၍ ပင်စင်ထုတ်ပေးလျက်ရှိပြီး ကိုယ်စားလှယ်ဖြင့်လည်း ထုတ်ယူနိုင်ကြောင်း ကလောမြို့ မြန်မာ့စီးပွားဘဏ်မန်နေဂျာထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)