ပခုက္ကူ ဖေဖော်ဝါရီ ၁၀
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အထူးပြုဘာသာရပ်ပေါင်းစုံ ဈေးရောင်းပွဲတော်ကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်သည်။
ပထမဦးစွာ ပခုက္ကူတက္ကသိုလ်ခေတ်ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က “ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပြည်တွင်းဖြစ် MSME ထုတ်ကုန်ပစ္စည်းများ၏ လုပ်ငန်းသဘောသဘာဝများ သိရှိပြီး ဝယ်ယူအားပေးတတ်စေရန်၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအကြား ချစ်ခင်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုများဖြင့် ပူးပေါင်း ဆောင်ရွက်တတ်စေရန်တို့အတွက် ရည်ရွယ်ကျင်းပပေးရခြင်းဖြစ်ကြောင်း” ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ခေတ္တပါမောက္ခချုပ်နှင့်တာဝန်ရှိသူများက (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အထူးပြုဘာသာရပ်ပေါင်းစုံဈေးရောင်းပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး ဘာသာရပ်ဌာနများအလိုက် စားသောက်ဆိုင်ခန်းနှင့်ပြခန်းများ၌ ဈေးရောင်းခြင်းနှင့် စတုဒီတာကျွေးမွေးနေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဆရာ၊ ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများက ဈေးရောင်းပွဲတော်အတွင်း ရောင်းချထားသည့် စားသောက်ဖွယ်ရာများနှင့်ပစ္စည်းများ ဝယ်ယူအားပေးခြင်းများဖြင့် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)