ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် သာယာဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်း

သာယာဝတီ ဖေဖော်ဝါရီ ၁၀

နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ် ထက်သန်စွာဖြင့် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားကာ အသက်ကိုပဓာနမထားဘဲ စွမ်းစွမ်းတမံ ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများအတွက် သာယာဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများက ယမန်နေ့တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် သာယာဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများက စုပေါင်းအားဖြင့် ပြည်သူများက တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တိုင်းပြည်အတွက် အနစ်နာခံမှု၊ ပေးဆပ်မှု၊ ကိုယ်စွန့်မှု၊ ရဲဝင့်စွန့်စားမှုများအပေါ် စေတနာမေတ္တာ တုံ့ပြန်သောအားဖြင့် စားသောက်ဖွယ်ရာများ စုပေါင်းကြော်လှော်ချက်ပြုတ်နေမှုနှင့် ပေးပို့လှူဒါန်းနိုင်ရေး ပြင်ဆင်ထုပ်ပိုးနေမှုများအား သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ထွေးနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးအဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

နိုင်ငံတော်လုံခြုံရေးနှင့် နယ်မြေဒေသကာကွယ်ရေးအတွက် မိမိတို့၏ အသက်ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားစွာဖြင့် ရှေ့တန်းတွင် တိုက်ပွဲဝင်နေကြသည့် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ငါးခြောက်ငရုတ်သီးကြော်၊ ငါးပိငံပြာရည်ကြော်၊ ငါးပိထောင်း၊ ငါးသေတ္တာဗူး၊ ခေါက်ဆွဲခြောက်၊ လက်ဖက်၊ ပဲကြော်မျိုးစုံ၊ ကော်ဖီမစ်၊ မုန့်မျိုးစုံ၊ ဆေးလိပ်နှင့် အခြားအသင့်စားသောက်ဖွယ်ရာများအား အင်တိုက်အားတိုက် ပါဝင်ကူညီဆောင်ရွက်ခဲ့သည့်အပြင် ဒေသခံပြည်သူများကလည်း “တရားသောစစ် အမြန်ဆုံးအောင်မြင်ပါစေ၊ နိုင်ငံတော်ကိုကာကွယ် စောင့်ရှောက်နေသော တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ အန္တရာယ်ကင်းရှင်းပါစေ၊ တိုင်းပြည်၏ အန္တရာယ်ရန်စွယ်အပေါင်းကို တွန်းလှန်တိုက်ခိုက်နေသည့် တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ပွဲတိုင်း အောင်မြင်ပါစေကြောင်း” စသည့် မေတ္တာစာလွှာများကို ရေးသားထည့်သွင်းပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်