မိုင်းတုံမြို့ရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဟောပြောပွဲနှင့် ကလေးပြိုင်ပွဲများ ပြုလုပ်

မိုင်းတုံ ဖေဖော်ဝါရီ ၁၀

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community Centre) ခန်းမတွင်‌ ဟောပြောပွဲ၊အင်္ဂလိပ်စွမ်းရည်ပြိုင်ပွဲနှင့် ပုံ‌ပြောပြိုင်ပွဲများကို ယမန်‌နေ့က ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြိုင်ပွဲသို့ လာ‌ရောက်ယှဉ်ပြိုင်ကြသော ကလေးငယ်များကို "ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ" ခေါင်းစဉ်ဖြင့် က‌လေးများ ဗဟုသုတရရှိစေရန်ရည်ရွယ်၍ ဦးစီအရာရှိ ဒေါ်ဝင်းဝင်းခိုင်က ဟောပြော‌ပွဲပြုလုပ်ပြီး‌နောက် ပြိုင်ပွဲများ ကျင်းပပေးခဲ့သည်။ ယင်းသို့ ပြိုင်ပွဲများပြုလုပ်‌ပေးရခြင်းသည် မြို့ပေါ်၊‌ ကျေးရွာရှိကလေးငယ်များ၊‌ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဉာဏ်စွမ်းအား၊ ကိုယ်စွမ်းအားတို့ဖြင့် စီစဉ်ဆောင်ရွက်တက်ပြီး ပေါင်းသင်းဆက်ဆံရာတွင် ချိုချိုသာသာ‌ ပြောတတ်သည့်အလေ့အထဖြစ်ပေါ်လာစေရန်၊ စိတ်ဓာတ်ခွန်အားများ အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အများအကျိုးကို ဆောင်ရွက်တတ်သည့်အ‌လေ့အကျင့်ဖြစ်ပေါ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန်နှင့် ဗဟုသုတများ တိုးပွားလာ‌စေရန်ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပပြုလုပ်ပေးခြင်းဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် မြို့ပေါ်ရပ်ကွက်မှ ကလေးများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့်ကလေးများအား အမှတ်တရလက်ဆောင်များနှင့် မုန့်များ ပေးအပ်ခဲ့ကြောင်းသိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်ဆက်)