ရေတာရှည်မြို့နယ်၌ ကြံအထူးအထွက်တိုးစိုက်ပျိုးနည်းစနစ် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကျင်းပပြုလုပ်

ရေတာရှည် ဖေဖော်ဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ကြံသီးနှံမျိုးသန့်ခြံ(ဘိုးတော်ကုန်း)၌ ကြံသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး အထူးအထွက်တိုးကြံစိုက်ပျိုးနည်းစနစ်ဖြင့် ကြံစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၈ ရက်နေ့မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အထူးအထွက်တိုး ကြံစိုက်ပျိုးနည်းစနစ်ကွင်းသရုပ်ပြပွဲတွင် ရေတာရှည်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးနေလင်းဇော်မှ တက်ရောက်လာသော ကြံစိုက်တောင်သူများအား ကြံအထူးအထွက်တိုးစိုက်ပျိုးနည်းစနစ်အား ရှင်းလင်းပြောကြားပြီးလက်တွေ့စိုက်ပျိုးပြသခဲ့သည်။

အဆိုပါ အထူးအထွက်တိုးကြံစိုက်ပျိုးနည်းစနစ်ကွင်းသရုပ်ပြပွဲသို့ ကြံသီးနှံမျိုးသန့်ခြံ(ဘိုးတော်ကုန်း)အနီးပတ်ဝန်းကျင်မှ ကြံစိုက်တောင်သူများနှင့်ဌာနဆိုင်ရာဝန်ထမ်း(၅၀)ဦးခန့်တက်ရောက်ခဲ့ပြီး ကြံစိုက်တောင်သူများမှ ခြံတာဝန်ခံဦးဇော်မြင့်နိုင်အား သိလိုသည်များကိုမေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)