လဲချား ဖေဖော်ဝါရီ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဝမ်ကန်ကျေးရွာဘက်စုံသုံး ခန်းမဖွင့်ပွဲအခမ်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အဆိုပါခန်းမတွင် ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် ကျေးလက်သေဖွံ့ဖြိုးရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဦးသန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်အဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ခရိုင်ဦးစီးမှူး ဦးသန်းနိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌတို့မှ အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းက လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
အဆိုပါ ကျေးရွာဘက်စုံသုံးခန်းမအား ၂၀၂၄-၂၀၂၅ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး (VDP) ရန်ပုံငွေဖြင့် အကျယ် ( ၃၆'×၂၀'×၁၂')အား ကုန်ကျငွေ (၁၇)သန်းဖြင့် တည်ဆောက်ခဲ့ကြောင်း သိရသည်။
ခင်ချို(လဲချား)