သတင်းများ

အိမ်မဲမြို့၌ ပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် ငါးပိဿာချိန်(၁၅၀)ရောင်းချပေး
Sep 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ငါးလုပ်ငန်းဦးစီးဌာနနှင့် ငါးကန်လုပ်ငန်းရှင်များ၊ မွေးမြူရေးလုပ်ငန်းရှင် ရေထွက်ပစ္စည်းဝယ်ယူစုဆောင်းခွင့်လုပ်ငန်းရှင်များပူးပေါင်း၍ မြို့နယ်အတွင်းငါးသယံဇာတများရေရှည်တည်တံ့ပြီး
လားရှိုးမြို့၌ (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုင်ကယ် စီးဦးထုပ်(၅၀၀) လုံး၊ Mask နှင့် စတစ်ကာများပေးဝေ
Sep 25,2022
(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒေသခံပြည်သူများသို့ ဆိုင်ကယ်စီးဦးထုပ်များ၊ Mask များပေးဝေခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က လားရှိုးမြို့၊ ရပ်ကွက်(၁)၊ ဘူတာလမ်းပေါ်ရှိ ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံးရှေ့တွင် ကျင်းပပြုလုပ်သည်။
မိုးညှင်းတက္ကသိုလ်၌ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် အသစ်ခန့်ထားသော နည်းပြ၊ သရုပ်ပြများ၏ မိုးရာသီအမှတ်တရ သစ်ပင်စိုက်ပျိုးပွဲကျင်းပ
Sep 25,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်၌ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် အသစ်ခန့်ထားသော နည်းပြ၊ သရုပ်ပြဆရာ ဆရာမများ၏ မိုးရာသီအမှတ်တရ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၉)နာရီခွဲက တက္ကသိုလ်ကျောင်းဝင်းအတွင်း၌ အရိပ်ရနှစ်ရှည်ပင်(၁၀၈)ပင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ဒေါ်လန်းကျေးရွာ၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေး Mask Campaign ဆောင်ရွက်
Sep 25,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ဒေါ်လန်း‌ကျေးရွာအုပ်စု၊‌ ဒေါ်လန်းကျေးရွာတွင် ပြည်သူများ နှာခေါင်းစည်း တပ်ဆင်သွားလာရေး အသိပညာပေးသည့် Mask Campaign ဆောင်ရွက်ခြင်းလုပ်ငန်းကို ယနေ့နံနက်(၇)နာရီအချိန်တွင် ဆောင်ရွက်ခဲ့သည်။
အင်္ဂပူမြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး Mask Campaing ပြုလုပ်
Sep 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့ အမှတ်(၁)ရပ်ကွက်ရှိ မြို့မဈေးရှေ့တွင် ယနေ့နံနက်ပိုင်းက လမ်းသွားလမ်းလာပြည်သူများ နှင့် ဈေးရောင်း၊ ဈေးဝယ်များ အားကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ် ရေးအတွက် Mask Campaing ပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့နယ်တွင် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် ဆက်လက်အသိပညာပေး
Sep 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးကော်မတီက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးနှင့် ပြည်သူများ တစ်ခါသုံးပလတ်စတစ်အိတ်များ လျော့နည်းသုံးစွဲစေရေးအတွက် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ်ဖြင့် စျေးမရောင်းရနေ့အဖြစ်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းမှုကို ကြည့်ရှု အားပေး အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်
Sep 25,2022
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ်၊ အမှတ်(၄)လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့အောက်ရှိ ရဲတပ်ရင်း၊ တပ်ဖွဲ့များမှ ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ခုတင်(၅၀၀) ဆံ့အထွေထွေရောဂါကုဆေးရုံကြီး၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ အမှတ်(၄)လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့၊ ကွပ်ကဲ ရဲမှူး၊ ရဲမှူးချုပ် ဝင်းဗိုလ်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
လက်ပံတန်းမြို့၌ ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျော့ချရေး Campaign ဆောင်ရွက်
Sep 25,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်အတွင်း သဘာဝသယံဇာတဂေဟစနစ်ကို ပျက်ဆီးစေသော  ကြွတ်ကြွတ်အိတ် သုံးစွဲမှုလျော့ချရေး Campaign လှုံ့ဆော်ရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာ မြို့မဈေး၌ ပြုလုပ် ခဲ့သည်။