ရမည်းသင်းမြို့၌အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးလျက်ရှိ
Sep 25,2022
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အစီစဉ်ဖြင့်ရမည်းသင်း မြို့အမှတ်(၃) စစ်အခြေခံ လေ့ကျင့်ရေးတပ်၊ မြို့နယ်ဆီကုန်သည်ကြီးများ အသင်းတို့ပူးပေါင်း၍ ရမည်းသင်းမြို့နယ် နေပြည်သူများအတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ အာလူး၊ ကြက်သွန်နီနှင့် ဟင်းသီးဟင်းရွက်တို့ကို ဈေးနှုန်းသက်သာစွာဖြင့် စက်တင်ဘာ ၂၅ ရက်နံနက် ၇နာရီခွဲကစ၍ ရမည်းသင်းမြို့၊ ရန်အောင်မြင်ဓမ္မာရုံရှေ့တွင် ရောင်းချပေးလျက်ရှိသည်။