သတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် နောင်တာလောရေလယ်ကျွန်းကမ်းခြေငယ်အပန်းဖြေစခန်း အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေး၊ မွန်အကပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ပြည်နယ်အကအဖွဲ့အား သွားရောက်အားပေးထောက်ပံ့
Sep 25,2022
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်းခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် ခရီးစဉ်ဒေသသစ်များ၊ အပန်းဖြေစခန်းများ ဖော်ဆောင်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၄ ရက် ညနေ (၃) နာရီခွဲက ဝိုင်းမော်မြို့နယ်အတွင်း အပန်းဖြေစခန်းသစ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး နောင်တာလောရေလယ်ကျွန်းသဲသောင်ပြင်သို့သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
လေးမျက်နှာမြို့နယ်၊ စည်ပင်သာယာရေးကော်မတီမှ အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သိရှိစေရန် အသိပညာပေးခြင်းဆောင်ရွက်
Sep 25,2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ လေးမျက်နှာမြို့နယ်၊ စည်ပင်သာယာရေးကော်မတီမှ အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ဆောင်ရွက်ရာ ယနေ့နံနက်ပိုင်းက ခမောက်စုစျေးအတွင်း/အပြင်ရှိ ဈေးရောင်းဈေးဝယ် ပြည်သူများအား  အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကလေးမြို့တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် Mask Campaign ဆက်လက်ဆောင်ရွက်
Sep 25,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက ကားကြီးဝန်းနှင့် ပင်လုံဈေးလမ်းဆုံ၌ ခရီးသွားပြည်သူများနှင့် စျေးရောင်း စျေးဝယ်များကို ပါးစပ်နှာခေါင်းစည်းများတပ်ဆင်သွားလာရေး အသိပညာပေး Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ပန်းတောင်းမြို့နယ်၊ ဆင်တဲကျေးရွာ၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Sep 25,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အတွင်းရှိ ဆင်တဲကျေးရွာ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က ပန်းတောင်း မြို့နယ် ဆင်တဲကျေးရွာ တောင်ပိုင်းရပ်ကွက် စည်ပင်သာယာစျေးရှေ့ ၌ ထပ်ဆောင်း ကာကွယ်ဆေးများထိုးနှံပေးခဲ့သည်။
ပန်းတောင်းမြို့နယ်၊ ဆင်တဲကျေးရွာတွင် အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့်ရောင်းချပေး
Sep 25,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဆင်တဲရွာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်၍ ပြည်သူများသို့ အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့်ရောင်းချပေးခြင်းကို ယနေ့နံက်(၇:၀၀)နာရီအချိန်က ဆင်တဲစည်ပင်သာယာစျေးရှေ့တွင် ဖြန်းဖြူးရောင်းချပေးလျက်ရှိသည်။
ဖြူးမြို့နယ်အတွင်း မြို့များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးနေသည့်အပြင် ကျေးရွာများတွင်ပါ စုရပ်ပြုလုပ်၍ ဆက်လက်ထိုးနှံပေး
Sep 25,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ပြည်သူများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို  ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို မြို့နယ်ကျန်းမာရေးဌာနမှ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၊ ဇေယျဝတီမြို့နှင့် ညောင်ပင်သာတို့တွင်   ထိုးနှံပေးလျက်ရှိရာ ကျေးရွာဒေသများမှ 
ပွင့်ဖြူမြို့နယ်၌ ယခုရက်ပိုင်း မိုးရွာသွန်းမှုကောင်းသဖြင့် ဒေသခံတောင်သူများ ဆောင်းသီးနှံအဖြစ် ပဲထောပတ်သီးနှံများ စတင်စိုက်ပျိုး
Sep 25,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုရက်ပိုင်း မိုးရွာသွန်းမှုကောင်းမွန်ခဲ့မှုကြောင့် ဒေသခံတောင်သူများက  ပဲတီစိမ်းသီးနှံစိုက်ခင်းများ ရိတ်သိမ်းပြီးစီးသည့် လယ်မြေများတွင် ဆောင်းသီးနှံအဖြစ် ပဲထောပတ်သီးနှံများကို စတင်စိုက်ပျိုး လုပ်ကိုင်နေကြပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။
စဉ့်ကူးမြို့နယ်၊ ကန်တောင်ကျေးရွာရှိ ရွှေရတနာအောင်မြေ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
Sep 25,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးကျေးရွာအုပ်စု၊ ကန်တောင်ကျေးရွာရှိ ရွှေရတနာအောင်မြေ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် (၁၀)နာရီခွဲအချိန်က ကျင်းပခဲ့သည်။