သတင်းများ

အလုံမြို့နယ်၌ ဆယ်ကျော်သက်ကျန်းမာရေးနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးဟောပြောပွဲကျင်းပ
Jan 22,2025
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်တွင်ဆယ်ကျော် သက်ကျန်းမာရေးနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို အမှတ် (၆)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ငါန်းဇွန်မြို့ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းတွင် လူကုန်ကူးမှုတိုက်ဖျက်ရေး၊ ခွေးရူးရောဂါကာကွယ်တားဆီးရေး၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်/သုတရသ စာအုပ်စာစောင်များခင်းကျင်းပြသခြင်းဆောင်ရွက်
Jan 22,2025
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသားကျောင်းသူများအား လူကုန်ကူးမှုတိုက်ဖျက်ရေး၊ ခွေးရူးရောဂါ ကာကွယ်တားဆီးရေး၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်/သုတရသစာအုပ် စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး အကူသူနာပြု (ပြင်ပ)(၉)လ သင်တန်းဖွင့်
Jan 22,2025
ကရင်ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍမြှင့်တင်နိုင်ရေး၊ လူငယ်များအလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေးနှင့်ကျန်းမာ ရေး လူ့စွမ်းအားအရင်းအမြစ်များရရှိစေရေးအတွက်   ယမန်နေ့ နံနက် ၈ နာရီက ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ) သုံးထပ်တိုးချဲ့လူနာ ဆောင်အပေါ်ထပ်တွင် အကူသူနာပြု(ပြင်ပ) (၉)လ သင်တန်းကို ဖွင့်လှစ်ခဲ့သည်။
ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သတင်းဗီဒီယိုရိုက်ကူးတည်းဖြတ်ခြင်း သင်တန်းဖွင့်လှစ်
Jan 22,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုပြုဌာနတွင် ယမန်နေ့နံနက်ပိုင်းက  ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးနှင့် အရည်အသွေးရှိသော သတင်းဗီဒီယိုမှတ်တမ်းများ ရိုက်ကူးတည်းဖြတ်တတ်စေရန်ရည်ရွယ်၍ သတင်းဗွီဒီယိုရိုက်ကူးတည်းဖြတ်ခြင်းသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။
ညောင်ဦးခရိုင်တွင် ဝင်ငွေတိုးစီမံကိန်းဖြင့် ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့်  ထူးချွန်သင်တန်းသားများအား ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲကျင်းပ
Jan 22,2025
အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင် ငွေတိုးရေးစီမံကိန်းအား ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ အချိန်တွင် ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အနော်ရထာခန်းမ၌ လူငယ်များအလုပ်အကိုင်အခွင့် အလမ်းဖန်တီးရေးဆောင်ရွက်မည့်လုပ်ငန်းဖြစ်သည့် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အခြေခံမော်‌တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းဆင်းပွဲနှင့် လုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲ အခမ်းအနားပြုကျင်းပခဲ့ကြောင်းသိရသည်။
မင်းလှမြို့၌ အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များအား Big Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်း ဆောင်ရွက်
Jan 22,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ အသက်(၁)နှစ်မှ (၅)နှစ်အတွင်းရှိ ကလေးငယ်များအား Big Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်မိခင်နှင့်က‌လေးကျန်းမာရေးဌာနနှင့် ရပ်ကွက်၊ ကျေးရွာများ၌ ထိုးနှံတိုက်ကျွေးပေးလျက်ရှိသည်။ အဆိုပါ ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမိုးနှင့် ကျန်းမာရေးဝန်ထမ်းများက အသက် (၁)နှစ်မှ (၅)နှစ်အရွယ် ကလေးများအနက် ကာကွယ်ဆေးအကြိမ်ပြည့်မရရှိသေးသော ကလေးငယ်များနှင့် ကာကွယ်ဆေးတစ်ကြိမ်မျှ မရရှိသေးသည့် ကလေးငယ်များအား ငါးမျိုးစပ်ကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုး ရောဂါကာကွယ်ဆေးနှင့် ပိုလီယိုရောဂါကာကွယ်ဆေးတို့ကို ထိုးနှံတိုက်ကျွေးပေးခြင်းဖြစ်သည်။
မိုင်းယန်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်များ လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်စစ်ဆေးပေးခြင်းများ ဆောင်ရွက်
Jan 22,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာဖွံ့ဖြိုးပြီး လွယ်ကူစွာမွေးဖွားနိုင်ရန် ကျန်းမာရေးစစ်ဆေးစောင့်ရှောက်ပေးခြင်းနှင့် လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက ကျိုင်းဟင်ရပ်ကွက်အတွင်းရှိ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရုံးတွင် ထိုးနှံပေးလျက်ရှိသည်။
တာလေမြို့၊ အ.ထ.က(တာလေ)ကျောင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 22,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ အ.ထ.က(တာလေ)ကျောင်း၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး‌‌ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။