ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သတင်းဗီဒီယိုရိုက်ကူးတည်းဖြတ်ခြင်း သင်တန်းဖွင့်လှစ်

ကျောက်ဆည် ဇန်နဝါရီ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုပြုဌာနတွင် ယမန်နေ့နံနက်ပိုင်းက  ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးနှင့် အရည်အသွေးရှိသော သတင်းဗီဒီယိုမှတ်တမ်းများ ရိုက်ကူးတည်းဖြတ်တတ်စေရန်ရည်ရွယ်၍ သတင်းဗွီဒီယိုရိုက်ကူးတည်းဖြတ်ခြင်းသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။

သင်တန်းတွင် ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက သတင်းဗွီဒီယို ရိုက်ကူးတည်းဖြတ်ခြင်းသင်တန်းအား ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရန်နှင့် သတင်းဗွီဒီယိုရိုက်ကူးတည်းဖြတ်ခြင်း ပညာရပ်များကို ဝန်ထမ်းများအားလုံး ကျွမ်းကျင်တတ်မြောက်စေရန် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း စနစ်တကျသင်ယူကြရန် အမှာစကားပြောကြားခဲ့ပြီး ဓာတ်ပုံကျွမ်းကျင်-(၂)ဦးသက်မောင်၊ ရုပ်သံကျွမ်းကျင်-(၃)ဦးအောင်ပိုင်ပိုင်ကျော် တို့ကသတင်းစုဆောင်းနည်း၊ ရေးသားခြင်း၊ ရိုက်ကူးနည်း၊ အသံသွင်းခြင်း၊ ရုပ်သံတည်းဖြတ်ခြင်းများကို စာတွေ့လက်တွေ့သင်ကြားပေးလျက်ရှိကြောင်း သိ ရသည်။

အဆိုပါသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောက်ဆည်ခရိုင် စဉ့်ကိုင်၊ တံတားဦး၊ မြစ်သားမြို့နယ်များမှ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီ(၂၁)ရက်နေ့မှ(၂၂)ရက်နေ့အထိ (၂)ရက်ကြာ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)