မိုင်းယန်း ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာဖွံ့ဖြိုးပြီး လွယ်ကူစွာမွေးဖွားနိုင်ရန် ကျန်းမာရေးစစ်ဆေးစောင့်ရှောက်ပေးခြင်းနှင့် လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက ကျိုင်းဟင်ရပ်ကွက်အတွင်းရှိ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရုံးတွင် ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကိုယ်ဝန်ဆောင်မိခင်များ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးရာတွင် မိခင်နှင့်ကလေးကျန်းမားရေးဌာန၊ တာဝန်ခံအမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ဌေးဌေးခိုင်နှင့် ကျန်းမာရေးဆရာမများက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ ကိုယ်ဝန်ဆောင်မိခင်များအား စနစ်တကျစာရင်းပြုစု၍ ကျန်းမာရေးစောင့်ရှောက်စစ်ဆေးပေးခြင်းများနှင့် ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်မိခင်နှင့်ကျန်းမာရေးဌာနမှ သိရသည်။
ထွန်းထွန်းထူး