သတင်းများ

လှိုင်မြို့နယ် အ.ထ.က(၃)ကျောင်း၌ (၂၀၂၄-၂၀၂၅) ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာ‌ရည်ချွန်ဆုပေးပွဲကျင်းပ
Jan 23,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် (၂၀၂၄-၂၀၂၅) ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာ‌ရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က လှိုင်မြို့နယ် အ.ထ.က(၃)ကျောင်းရှိ  သပြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ပြင်ဦးလွင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု
Jan 23,2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ဇမ်နဝါရီလ (၂၂) ရက်နေ့ နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုခဲ့သည်။
မင်းတုန်းမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Jan 23,2025
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community centre) ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီခွဲက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပရာ မြို့ပေါ်ရပ်ကွက်ရှိ စားသောက်ဆိုင်လုပ်ငန်းများမှ လုငန်းရှင် (၂၂)ဦး တက်ရောက်ခဲ့ကြသည်။
မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jan 23,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြဝတီမြို့ အမှတ် (၁) ရပ်ကွက်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
Jan 23,2025
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများသည် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များ မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုမဖြစ်စေရန် ကြိုတင်ကာကွယ်ခြင်းအနေဖြင့် အသိပေးနှိုးဆော်ခြင်းများကို ဇန်နဝါရီလ ၂၂ ရက်နေ့ ညပိုင်းက အမှတ် (၁) ရပ်ကွက်၊ လမ်းမကြီးများနှင့် လမ်းသွယ်လူစည်ကားရာနေရာတို့၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မက်မန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေး စစ်ဆေးပေးခြင်းများဆောင်ရွက်
Jan 23,2025
ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာသန်စွမ်းစေရန်အတွက် ကျောင်းကျန်းမာရေး စစ်ဆေးပေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က မက်မန်းမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းစာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ ပြုလုပ်
Jan 23,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့လယ် (၁) နာရီအချိန်က သံတောင်ကြီးမြို့  အ‌ခြေခံပညာအထက်တန်းကျောင်း စာကြည့်တိုက်ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့၌ အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များ သက်တမ်းတိုးခြင်း၊ လေလံတင်ရောင်းချခြင်းနှင့် သားသတ်လုပ်ငန်းလိုင်စင်များ လေလံတင်ရောင်းချခြင်းအခမ်းအနား ကျင်းပ
Jan 23,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ ၂၀၂၅-၂ဝ၂၆ ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များ သက်တမ်းတိုးခြင်း၊ လေလံတင်ရောင်းချခြင်းနှင့် သားသတ်လုပ်ငန်းလိုင်စင်များ လေလံတင်ရောင်းချခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကာဟိုခမ်းရပ်ကွက်ရှိ အောင်မြတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။