ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြေကွက်ပိုင်ရှင်များအား မြေယာလျော်ကြေးငွေပေးအပ်
Jan 22,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့(၁)မှ တာဝန်ယူတည်ဆောက်သည့် ဆိပ်ကြီးခနောင်တို- ဒလတံတားသစ် တည်ဆောက်ခြင်းလုပ်ငန်း၏ တံတားစီမံကိန်းမြေ ဧရိယာအတွင်း ပါဝင်သွားသော ဆိပ်ကြီးခနောင်တိုဘက်ခြမ်းရှိ မြေကွက်ပိုင်များထံသို့ မြေယာလျော်ကြေးငွေ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဆိပ်ကြီးခနောင်တိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။