ညောင်ဦး ဇန်နဝါရီ ၂၂
အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင် ငွေတိုးရေးစီမံကိန်းအား အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ အချိန်တွင် ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အနော်ရထာခန်းမ၌ လူငယ်များအလုပ်အကိုင်အခွင့် အလမ်းဖန်တီးရေးဆောင်ရွက်မည့်လုပ်ငန်းဖြစ်သည့် အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းဆင်းပွဲနှင့် လုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲအခမ်း အနားပြုကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုက ညောင်ဦးခရိုင် အနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဆောင်ရွက်နေသည့်လုပ်ငန်းများသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဦးတည်ချက် (၉)ရပ်အနက် စီးပွားရေးဉီးတည်ချက်၊ လူမှုရေးဦး တည်ချက်များကို ဝန်ကြီးဌာန၏ မျှော်မှန်းချက်များနှင့်အညီ ကဏ္ဍအလိုက်စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက် နေပါကြောင်းအမှာစကားပြောကြားသည်။ ဆက်လက်၍ ညောင်ဦးခရိုင်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သီ တာထွန်းက ယခုလိုနည်းပညာသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် မိသားစုတစ်နိုင်တစ် ပိုင်အသေးစားစီးပွားရေးလုပ်ငန်းများ ထူထောင်လာနိုင်မည်ဖြစ်ပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကမောင်းနှင်အားဖြစ်သော MSMEs လုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခြေခံကျပြီးအရေးပါသောစက်ရုံ အလုပ်ရုံများပေါ်ထွန်းလာစေရန် လိုအပ်ပါကြောင်း၊ မိသားစုတစ်နိုင်တစ်ပိုင်စက်မှု လုပ်ငန်းများ မှတဆင့် အငယ်စားနှင့်အလတ်စား စက်ရုံလုပ်ငန်းများသို့ တိုးချဲ့လာနိုင်စေရန်ရည်ရွယ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ပြီးနောက် လုပ်ငန်းသုံးပစ္စည်းများပေးအပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ သက်ဆိုင်ရာခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များက လုပ်ငန်းထူထောင်မည့် သင်တန်းသား(၃)ဦးအတွက် Air Compressor၊ ဘတ္ထရီသွင်းစ စက်များ၊ ဖိအားမြှင့်ရေဖျန်းစက်များ၊ လက်သုံးကိရိယာများနှင့် သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြကာ ခင်းကျင်းပြသထားသည့် လုပ်ငန်းသုံးပစ္စည်းများအားကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း