အလုံမြို့နယ်၌ ဆယ်ကျော်သက်ကျန်းမာရေးနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးဟောပြောပွဲကျင်းပ

အလုံ ဇန်နဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်တွင်ဆယ်ကျော် သက်ကျန်းမာရေးနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို အမှတ် (၆)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် အမှတ် (၆)နှင့်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ အထက်တန်းကျောင်းသား/သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာ သဇင်ခိုင်ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများမှဆယ်ကျော်သက် ကျန်းမာရေးနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးဟောပြောခဲ့သည်။

အဆိုပါ‌ဟောပြောပွဲတွင် TMO ဒေါက်တာသဇင်ခိုင်က လူငယ်နှင့် စိတ်ကျန်းမာရေးအကြောင်း၊ ဒေါက်တာမေသီရိ(ဦးစီးအရာရှိ၊သွားကျန်းမာ)ကE-Cigarettes နှင့် ခံတွင်းကင်ဆာရောဂါအကြောင်း၊ ဦးစီးအရာရှိ (မိခင်ကလေးကျောင်း ကျန်းမာ၊ အာဟာရ) ဒေါ်မိုးသီတာဦး၊ မြို့နယ်သူနာပြုဆရာမကြီး ဒေါ်လှသိန်းယဥ်နှင့် ကျန်းမာရေးမှူး-၁ ဦးသန်းနိုင်တို့မှ မျိုးဆက်ပွာကျန်းမာရေးစသည့်‌ခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ယောဧရာ (ပြန်/ဆက်)