မင်းတုန်းမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

မင်းတုန်း ဇန်နဝါရီ ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community centre) ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီခွဲက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပရာ မြို့ပေါ်ရပ်ကွက်ရှိ စားသောက်ဆိုင်လုပ်ငန်းများမှ လုငန်းရှင် (၂၂)ဦး တက်ရောက်ခဲ့ကြသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ကလေးအလုပ်သမားပပျောက်ရေးအတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ (၂၀၁၉ ခုနှစ်) ဥပဒေပုဒ်မများနှင့် ဖောက်ဖျက်ကျူးလွန်ပါက ပြစ်မှု၊ ပြစ်ဒဏ်များ၊ ILO ၏ ကလေးအလုပ်သမားအဓိပ္ပါယ်ဖွင့်ဆိုချက်၊ ၂၀၁၆ ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများဥပဒေပါ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်များ ဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်အား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)