လှိုင်မြို့နယ် အ.ထ.က(၃)ကျောင်း၌ (၂၀၂၄-၂၀၂၅) ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာ‌ရည်ချွန်ဆုပေးပွဲကျင်းပ

လှိုင် ဇန်နဝါရီ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် (၂၀၂၄-၂၀၂၅) ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာ‌ရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က လှိုင်မြို့နယ် အ..က()ကျောင်းရှိ  သပြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ..က(၂၃) မူလွန်ကျောင်းမှ ကျောင်းသား/သူများက “မြန်မာကျောင်းသီချင်းဖြင့် အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံစာရေးဆရာအသင်းအဖွဲ့ဝင် ဦးမင်းဆက်ပိုင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အ..က(၂၃)မူလွန်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လှမူက တက်ရောက်လာသူများအား ကျေးဇူးတင်စကား ပြောကြားခဲ့ကြသည်၊

ယင်းနောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုရရှိသော ကျောင်းသား/သူတို့အား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/သူများက တေးသီချင်း သရုပ်ဖော်များ၊ ရိုးရာအကအလှများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။ အခမ်းအနားကို ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းအုပ်ဆရာ/ ဆရာမကြီးများ၊ မိဘများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ညိုထွန်း(ပြန်/ဆက်)