သတင်းများ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း စစ်တွေကမ်းခြေ၌ ပြုလုပ်သော ဒီရေတော သစ်ပင်စိုက်ပျိုးပွဲ တက်ရောက်
Oct 01,2022
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရခိုင်ပြည်နယ်သစ်တောဦးစီးဌာနမှ စီစဉ်ကြီးကြပ်၍ ၂၀၂၂ ခုနှစ် ဒီရေတော သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်း က စစ်တွေမြို့၊ ရှုခင်းသာလမ်း၊ တြိဂံဧရိယာအနီးကမ်းခြေ၌ ပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူ ကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စစ်တွေတပ်နယ်မှ တပ်မတော်သားများ၊ ဆရာ၊ ဆရာမများ၊ လူမှုရေးအဖွဲ့ အစည်းများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
မာန်အောင်မြို့၌ (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ
Oct 01,2022
ရခိုင်ပြည်နယ် တောင်ကုတ်ခရိုင် မာန်အောင်မြို့၌ (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မာန်အောင်မြို့ရဲစခန်းရှိ ရဲဓမ္မာရုံ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ညောင်လွန့်ကျေးလက်ကျန်းမာရေးဌာန၊ ဆေးကုသဆောင်နှင့် ဝန်ထမ်းအိမ်ရာအဆောက်အဦ ရတနာပန္နက်တင်မင်္ဂလာ အခမ်းအနား တက်ရောက်
Oct 01,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ် ညောင်လွန့်ကျေးလက် ကျန်းမာရေးဌာန ဆေးကုသဆောင်နှင့် ဝန်ထမ်းအိမ်ရာအဆောက်အဦ ရတနာပန္နက်တော်တင်မင်္ဂလာ အခမ်းအနားကို အောက်တိုဘာ ၂၉ ရက်နေ့နံနက် ၉နာရီအချိန်က ကျင်းပရာ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဦးစီးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက် ခဲ့ကြောင်း သိရသည်။
အင်တောမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ
Oct 01,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျောက်ဂူကျေးရွာအုပ်စုအတွင်းရှိ ကျေးလက်နေပြည်သူများ တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေ တိုးစေပြီး အလုပ်အကိုင်ရရှိစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း ဆင်းပွဲကို နံနက်ပိုင်းတွင် အင်တောမြို့ ကျောက်ဂူကျေးရွာအုပ်စု ကျောက်မီးခတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆) နှင့်ပတ်သတ်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Oct 01,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်က အိမ်ထောင်စုလူဦးရေ စာရင်း ပုံစံ ၆၆/၆ (အထစ) နှင့်ပတ်သတ်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အ‌ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမအတွင်း ပြုလုပ်ခဲ့သည်။
ဂွမြို့နယ်တွင် ဌာဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် ပုံမှန်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ
Oct 01,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဌာဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဂွမြို့နယ်တွင် စည်ပင်ကျေးရွာ လျှိုပိတ်ဆည်တည်ဆောက်ရာတွင် ပါဝင်သွားသူများအား မြေယာ/သီးနှံလျော်ကြေးငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ
Oct 01,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် စည်ပင်ကျေးရွာ လျှိုပိတ်ဆည်တည်ဆောက်ရာ၌ ပါဝင်သွားသူများအား မြေယာ/သီးနှံ လျော်ကြေးငွေပေးအပ်ခြင်း ယမန်နေ့နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ပြည်နယ် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီအစည်းအဝေး အမှတ်စဉ်(၆/၂၀၂၂) ကျင်းပ
Oct 01,2022
ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၂)နှင့် ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၂)ကို စက်တင်ဘာ (၃၀)ရက် နံနက်(၁၀) နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။