ပြင်ဦးလွင်မြို့တွင် ဆန်၊ ဆီ၊ ဆားနှင့် ကြက်ဥများ ထောက်ပံ့လှူဒါန်းပွဲကျင်းပ
Oct 03,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ပြင်ဦးလွင် (အခမဲ့) နာရေးကူညီမှုအသင်းကြီးမှ ကြီးမှူး၍ အသင်းသား/အသင်းသူများနှင့် မြို့သူ / မြို့သားများအား (ပဉ္စမ) အကြိမ်မြောက် ဆန် ၊ ဆီ ၊ ဆား နှင့် ကြက်ဥများအား ထောက်ပံ့လှူဒါန်းပွဲကို ယမန်နေ့နံနက် (၁၀) နာရီက အဆိုပါအသင်းကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။