သတင်းများ

မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း မော်လမြိုင်မြို့၊ တိုးချဲ့ကမ်းနားလမ်း၊ ရာမညသဲကွင်းနေရာအား အဆင့်မြှင့်တင်ခြင်းဆောင်ရွက်နေမှု အခြေအနေအားကြည့်ရှုစစ်ဆေး
Oct 01,2022
မော်လမြိုင်မြို့ ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေးနှင့် အများပြည်သူများ စိတ်အေးချမ်းမြေ့စွာ အပန်းဖြေအနားယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ  ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့နံနက်ပိုင်းက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
တောင်ကြီးမြို့နယ်တွင် အိပ်ခန်းဆောင်ခင်းကျင်းထိန်းသိမ်းခြင်းနှင့် အစားအသောက်ထည်ခင်းဧည့်ခံခြင်း သင်တန်းဆင်းပွဲ ကျင်းပ
Oct 01,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်အစိုးရနှင့် ရှမ်းပြည်နယ် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Training Hotel အိပ်ခန်းဆောင်ခင်းကျင်းထိန်းသိမ်းခြင်း (House keeping Training) နှင့် Training Hotel အစားအသောက်ထည်ခင်းဧည့်ခံခြင်း (Waiter&Waiteress/ F&B) သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီ က တောင်ကြီးမြို့၊ ပန်သခွားကျေးရွာ၊ စွန်းထီထင်ဘက်စုံဖွံ့ဖြိုးရေးရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
လင်းခေးမြို့တွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် အသက်(၉၀)နှစ်နှင့်အထက် ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲပြုလုပ်
Oct 01,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့” အထိမ်းအမှတ် အသက်၉၀နှစ်နှင့်အထက်ဘိုးဘွားများအား ပူဇော်ကန်တော့ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါရုံးအဆောက်အဦး၌ ပြုလုပ်ခဲ့သည်။
တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ ( Talk Show ) ကျင်းပပြုလုပ်
Oct 01,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အောက်တိုဘာလ (၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ ( Talk Show ) အား ယမန်နေ့ နံနက်( ၈ )နာရီအချိန်က ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မိုးညိုမြို့နယ်တွင် လေဘေးသင့်နေအိမ်များမှ မိသားစုဝင်များအား ထောက်ပံ့ငွေပေးအပ်
Oct 01,2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက လေဘေးသင့်ခဲ့သောအိမ်ထောင်စုများမှ မိသားစုဝင်များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးတွင် ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
ဟိုပန်မြို့၌ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်
Oct 01,2022
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့ တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် (၉)နာရီခွဲအချိန် က "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်ရှိ ဝဏ္ဏကျော်ထင်စဝ်ခွန်ဆမ်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်း၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ ကြက်ခြေနီသူနာပြု အသင်းအဖွဲ့နှင့် အလှူရှင်များ တက်ရောက်ခဲ့သည်။
နောင်ချိုမြို့နယ်တွင် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား ပြုလုပ်ဆောင်ရွက်
Oct 01,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက် (၇)နာရီအချိန်က နောင်ချိုမြို့မရဲစခန်းဝန်း ဓမ္မာရုံတွင် ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ပေါက်ခေါင်းမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် တည်‌ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Oct 01,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အတူ ခရိုင်လမ်းဦးစီးမှူး၊ ခရိုင်ကျေးလက်လမ်းဦးစီးမှူး၊ ခရိုင်စီမံကိန်းဦးစီးမှူးပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးဖြိုးသူမောင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန