ဂွမြို့နယ်တွင် ဌာဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် ပုံမှန်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

ဂွ  အောက်တိုဘာ 

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဌာဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော် က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့အား အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည ငြိမ်အေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပါဝင်သည့် နိုင်ငံရေးစစ်ကြောင်း၊ အုပ်ချုပ်ရေးစစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးစစ်ကြောင်း၊ လူမှုရေးစစ်ကြောင်းနှင့် စည်းရုံးရေးစစ်ကြောင်းစသည်ဖြင့် အဖွဲ့(၅)ဖွဲ့ပါသော စစ်ကြောင်း(၅)ကြောင်း အားဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါအဖွဲ့များက မြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက် သွားနိုင်ရေးနှင့် ကျန်ရှိသည့်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည့် စီမံကိန်းလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် တည်ဆောက်ရေးလုပ်ငန်းများ ကျန်ရှိမှုမရှိစေရေးအတွက် တင်ပြဆောင်ရွက်ထားကြောင်း၊ Pilot Project ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင် စစ်ဆေးခြင်းအား ကျေးရွာအုပ်စုနှစ်ခုပြီးစီးပါက မြို့ပေါ်ရပ်ကွက်များသို့ ဆက်လက် ကွင်းဆင်း ဆောင်ရွက်သွားရန်ရှိကြောင်းနှင့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက မိမိတို့ ရပ်ကွက်/ကျေးရွာများရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသော ပြည်သူများ ကျန်ရှိမှုမရှိစေရေးနှင့် ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေး ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ဆက်လက်ပြီး အသက်(၂)နှစ်အောက်ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၈၅) နှစ်အထက်ဘိုးဘွားများအား နိုင်ငံတော်အစိုးရက ယခင်က (၃) လတစ်ကြိမ် ထောက်ပံ့ ငွေများအား ပေးအပ်လျက်ရှိရာ ယခုအခါ ဘဏ္ဍာရေးနှစ်အတွင်း တစ်ကြိမ်သာ ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်းကို  ပြည်နယ်အစိုးရ၏ ညွှန်ကြားချက်အရသိရှိရကြောင်း၊ ဂွမြို့နယ် အနေဖြင့်  အစဥ်အလာမပျက် ဆောင်ရွက်လျက်ရှိသည့် ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန် အား ကျင်းပဆောင်ရွက်သွားရန်ရှိကြောင်းနှင့် ၂၀၂၃ ဇန်နဝါရီလ(၄) ရက်နေ့ လွတ်လပ်ရေး နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့်  ဌာနပေါင်းစုံ  ချစ်ကြည်ရေး (အမျိုးသား) ဘောလုံးပွဲစဉ် အား ကျင်းပဆောင်ရွက်သွားရန်ရှိကြောင်း ဆက်လက်၍ ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေး ရာတွင် ထိုးနှံသူများကျန်ရှိမှုမရှိစေရေးအတွက် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များက မိမိတို့ ရပ်ကွက်/ကျေးရွာရှိ ပြည်သူများကျန်ရှိမှုမရှိစေရေးနှင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးမျိုးဇေယျာက ပြည်နယ်အတွင်း ဖြစ်ပျက်နေသည့် အခြေအနေများသည် ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသည့်သတင်းများနှင့် တစ်ခြားစီဖြစ် ကြောင်း၊ သတင်းများဖောင်းပွမှုများ ဖြစ်ပေါ်နေသည်ကို တွေ့မြင်နေရကြောင်း၊  မိမိတို့မြို့နယ် အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လက်ရှိတည်ငြိမ်အေးချမ်းသာယာမှုကို မပျောက် ပျက်အောင် ထိန်းသိမ်းစောင့်ရှောက် နိုင်စေရေးအတွက် ပြည်သူများက ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်းတို့ကို ဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်ဌာဆိုင်ရာများက မိမိတို့၏သက်ဆိုင်ရာ ဌာနလုပ်ငန်းအခြေအနေများနှင့် ရပ်ကွက်/ ကျေးရွာများနှင့် ပေါင်းစပ်ဆောင်ရွက်ရမည့်  အခြေအနေများကိုလည်းကောင်း၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက ၎င်းတို့၏ သက်ဆိုင်ရာကဏ္ဍများအလိုက် သိရှိလို သည့် အခြေအနေများကို ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်