မာန်အောင်မြို့၌ (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ

မာန်အောင် အောက်တိုဘာ

ရခိုင်ပြည်နယ် တောင်ကုတ်ခရိုင် မာန်အောင်မြို့၌ (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့ အခမ်းအနားကို  ယနေ့ နံနက် နာရီက မာန်အောင်မြို့ရဲစခန်းရှိ ရဲဓမ္မာရုံ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မာန်အောင်မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး အောင်သန်းဝင်းက ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက် ထံမှပေးပို့သည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။

ထို့နောက် မာန်အောင်မြို့နယ်ရဲတပ်ဖွဲ့မှ ၂၀၂၂-ခုနှစ်တွင် စည်းကမ်းကောင်းမွန်ပြီး ရဲလုပ်ငန်းတာဝန်များအား ကျေပွန်စွာထမ်းဆောင်ခဲ့သူများနှင့် ရဲတပ်ဖွဲ့မိသားစု နေအိမ်လိုင်းခန်း အသန့်ရှင်းဆုရရှိသူများအား တာဝန်ရှိသူများက အသီးသီးဆုချီးမြှင့်ပေးခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးအောင်သန်းဝင်း၊ ရတခမရ (၃၄၄)မှ တပ်ရင်းမှူးဒုတိယဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)