သတင်းများ

လွိုင်လင်မြို့၌ သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲကျင်းပ
Oct 01,2022
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ဖြစ်ရာ လွိုင်လင်ခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကို အောက်တိုဘာလ ၁ ရက် ၊ နံနက်(၁၀) နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပူတာအိုခရိုင်၌ (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ
Oct 01,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန် က ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။
ပခုက္ကူမြို့၌ ကမ္ဘာ့သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ပွဲ ပြုလုပ်
Oct 01,2022
၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၁ရက်နေ့တွင် ကျရောက်တော့မည့် ကမ္ဘာ့သက်ကြီးရွယ်အိုများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ်အသိပညာပေး (Talk Show)ပွဲကို ယမန်နေ့မွန်းတည့် ၁၂နာရီအချိန် က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်သည်။
မိုင်းယောင်း၌ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကျင်းပ
Oct 01,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို အောက်တိုဘာ ၁ ရက် နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးဘိုးဘွားများနေ့ အခမ်းအနားဆောင်ရွက်
Oct 01,2022
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို များနေ့ အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သံသရာအေး ဘိုးဘွားရိပ်သာတွင် ယနေ့နံနက် (၁၀)နာရီ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းပျဉ်းမြို့၌ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနား ကျင်းပပြုလုပ်
Oct 01,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများ နေ့ အခမ်းအနားကို မြို့နယ်အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီ က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ်တွင် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေနှင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေး အသိပညာပေး Talk Show ကျင်းပ
Oct 01,2022
၂၀၂၂-ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်သည့် ‘ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ’ အထိမ်းအမှတ် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေနှင့် သက်ကြီးရွယ် အိုစောင့်ရှောက်ရေး အသိပညာပေး Talk Show ကို လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် ယမန်နေ့ ညနေပိုင်းက ကျင်းပခဲ့သည်။
မိုင်းဆတ်မြို့၌ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့တွင် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ ပွဲကျင်းပ
Oct 01,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့တွင် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယနေ့နံနက်(၇)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။