ခန္တီး အောက်တိုဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်က အိမ်ထောင်စုလူဦးရေ စာရင်း ပုံစံ ၆၆/၆ (အထစ) နှင့်ပတ်သတ်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမအတွင်း ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်စိုးမိုးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမောင်မောင်အေးက မိဘပြည်သူများ အနေဖြင့် ပုံစံ ၆၆/၆ (အထစ) ပျက်စီးပျောက်ဆုံးပါက လိုက်နာဆောင်ရွက်ရမည့်နည်းလမ်းများ၊ ပုံစံ၆၆/၆ မရှိဘဲ မြေပြင်တွင်နေထိုင်သူများအတွက်ပါရှိရမည့် အထောက်အထားများ၊ အသက်(၁၀)နှစ်ပြည့်(သို့မဟုတ်) အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားအတွက် ပါရှိရမည့် အထောက်အထားများ၊ သေဆုံးသူအမည်စာရင်း ပယ်ဖျက်ခြင်းအတွက် ပါရှိရမည့် အထောက်အထားများနှင့် အခြားမြို့နယ် ပုံစံ(၆၆/၆) အိမ်ထောင်စုလူဦးရေစာရင်းဖြင့် နေထိုင် သူများအတွက်ပါရှိရမည့် အထောက်အထားများ စသည့်အချက်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ရပ်ကွက်/ ကျေးရွာအုပ်စု(၃၂)အုပ်စုမှ ရပ်/ကျေး စာရေး (၃၂) ဦး၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး (၂၆) ဦး စုစုပေါင်း (၅၈) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)