နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ညောင်လွန့်ကျေးလက်ကျန်းမာရေးဌာန၊ ဆေးကုသဆောင်နှင့် ဝန်ထမ်းအိမ်ရာအဆောက်အဦ ရတနာပန္နက်တင်မင်္ဂလာ အခမ်းအနား တက်ရောက်

တပ်ကုန်း အောက်တိုဘာ  ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ် ညောင်လွန့်ကျေးလက် ကျန်းမာရေးဌာန ဆေးကုသဆောင်နှင့် ဝန်ထမ်းအိမ်ရာအဆောက်အဦ ရတနာပန္နက်တော်တင်မင်္ဂလာ အခမ်းအနားကို အောက်တိုဘာ ၂၉ ရက်နေ့နံနက် ၉နာရီအချိန်က ကျင်းပရာ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဦးစီးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်    ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ   အဆောက်အဦနှင့်    ဆက်စပ်လုပ်ငန်းများ   တည်ဆောက်ခြင်း   လုပ်ငန်းနှင့် ပတ်သက်၍  တာဝန်ရှိသူမှ  ရှင်းလင်းတင်ပြမှုအပေါ် နေပြည်တော်ကောင်စီအဖွဲ့ဝင်  ဦးမြင့်စိုး က လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး ရတနာပန္နက်တော်တင်ရန် သတ်မှတ်နေရာများတွင် အသီးသီး နေရာယူပြီးနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ ပြည်သူ့ကျန်းမာရေးဦး စီးဌာန တိုင်းဦးစီးမှူး ဒေါက်တာသီရိနွယ်၊ ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးမှူး   ဦးမင်းခိုင်ဝင်း၊ နေပြည်တော်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာမြတ်ခိုင်၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာအေးအေးမာ၊ တပ်ကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မောင်နှင့် မဏိကမ္ဘာကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးမင်းသက်ခိုင်တို့က မင်္ဂလာအချိန်တွင် ရတနာပန္နက်တော်တင်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် ရတနာပန္နက်တင်ပွဲ မင်္ဂလာအခမ်းအနား အထိမ်းအမှတ်အဖြစ် ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးပေးခဲ့သည်။

တပ်ကုန်းမြို့နယ်၊ ညောင်လွန့်ကျေးလက်ကျန်းမာရေးဌာန ဆေးကုသဆောင် (၅၄×၄၂) ပေ၊ ()ခန်းတွဲ ဝန်ထမ်းအိမ်ရာ (၃၇×၃၈ ) ပေနှင့်()ခန်းတွဲ ဝန်ထမ်းအိမ်ရာ (၃၆×၃၀) ပေ၊ () ထပ် RC အဆောက်အဦတို့ကို ၂၀၂၂-၂၀၂၃ ဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ်သန်း (၁၉၁.၇၆၇) ဖြင့် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

တင့်တင့်ခိုင် (ပြန်/ဆက်)