ပြည်နယ် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီအစည်းအဝေး အမှတ်စဉ်(၆/၂၀၂၂) ကျင်းပ

တောင်ကြီး   အောက်တိုဘာ   

ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ် (/၂၀၂၂)နှင့် ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေး အမှတ်စဉ် (/၂၀၂၂)ကို စက်တင်ဘာ (၃၀)ရက် နံနက်(၁၀) နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးအမှတ်စဉ် (/၂၀၂၂)အခမ်းအနားတွင် ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ်မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း က ပြည်သူများ တင်ပြလာသည့် လုပ်ငန်းများ မြန်မြန်ဆန်ဆန် ဆုံးဖြတ်ပေးနိုင်ရေးအတွက် ခရိုင်/မြို့နယ် လယ်စီအဖွဲ့အဆင့်ဆင့်နှင့် သက်ဆိုင်ရာဌာနများကလည်း လျှောက်ထားသည့် လုပ်ငန်းအမျိုးအစားလိုက် စိစစ်ရမည့် အချက်များနှင့် ပါရှိရမည့် အထောက်အထားများကို သေသေချာချာ စိစစ်ဆောင်ရွက်ပေးနိုင်ရန်၊ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့နှင့် ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အနေဖြင့် ခွင့်ပြုပေးနိုင်သည့် ကိစ္စရပ်များကို အမြန်ဆုံး ဆုံးဖြတ်ပြီး ပြည်နယ် အစိုးရအဖွဲ့၏ သဘောထား ရယူခွင့်ပြုပေးသလို ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့နှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီသို့ ဆက်လင်တင်ပြရမည့် ကိစ္စရပ်များကိုလည်း အမြန်ဆုံး ထောက်ခံတင်ပြ ဆောင်ရွက်ပေးသည်ကို အလေးအနက်ထား ပြောကြားလိုကြောင်း၊ မွေးမြူရေးဇုန် ဖော်ထုတ်ရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ရှမ်းပြည်နယ်အတွင်း မွေးမြူရေးဇုန် ဖော်ထုတ်နိုင်မည့် ဒေသများကိုလည်း ရှာဖွေဖော်ထုတ်လျက်ရှိပြီး လက်ရှိ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်နှင့် တာချီလိတ်ခရိုင်၊ ကျိုင်းတုံခရိုင်များမှ မွေးမြူရေးအတွက် လျှောက်ထားလာမှုများကိုလည်း ခွင့်ပြုပေးလျက်ရှိပြီး အမှန်တကယ် မွေးမြူမည်ဆိုပါက ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းတွင်လည်း ရပ်စောက်မြို့နယ်၊ ကျိုင်းခမ်းဒေသကို ကော်ဖီဇုန်အပြင် မွေးမြူရေးဇုန်အဖြစ် ဆက်လက်ဆောင်ရွက်နိုင်ရန် လျာထားလျက်ရှိပြီး ပြည်နယ်အတွင်း မြေလွတ်၊ မြေရိုင်းများ လျှောက်ထားမှုအပေါ် ကော်ဖီ၊ မက္ကာဒေးမီးယား၊ ထောပတ်နှင့် အခြားဈေးကွက်ဝင် ဥယျာဉ်သီးနှံများ စိုက်ပျိုးရေးအတွက် တက်ရောက်လာသည့် အဖွဲ့ဝင်များ အားလုံးကလည်း တွန်းအားပေး တိုက်တွန်းပြောကြားပေးရန် ပြောကြားသည်။

ဆက်လက်၍ အစည်းအဝေးဆုံးဖြတ်ချက်များကို လယ်ယာမြေစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ အစည်းအဝေး အမှတ်စဉ် (/၂၀၂၂) ဆုံးဖြတ်ချက်များ၊ မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီအစည်းအဝေး အမှတ်စဉ်(/၂၀၂၂) ဆုံးဖြတ်ချက်များအား ဖတ်ကြားအတည်ပြုပြီး ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ် (/၂၀၂၂)တင်ပြချက်များနှင့် မြေယာအယူခံမှုများ တင်ပြဆွေးနွေးပြီး  ပြည်နယ် မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီအစည်းအဝေးအမှတ်စဉ် (/၂၀၂၂) တင်ပြချက်များအား ဆွေးနွေးဆုံးဖြတ်ကြ၍ အထွေထွေဆွေးနွေးကြကာ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ် မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း က နိဂုံးချုပ် စကားပြောကြားခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)