တောင်သာ အောက်တိုဘာ ၄
တောင်သာမြို့နယ် မီးသတ်ဦးစီးဌာနမှကြီးမှူးကျင်းပသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉နာရီခွဲအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးဟန်သူရက အဖွင့်အမှာစကား ပြောကြားပြီးနောက် မီးသတ်ဦးစီးမှူး ဦးကျော်စွာမှ မွမ်းမံသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် မီးသတ်လုပ်ငန်းစဉ်များအားရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးဟန်သူရက မီးသတ်တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံများပေးအပ်ခဲ့ကြောင်းသိရသည်။ယင်းသင်တန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးဟန်သူရ၊ အဖွဲ့ဝင် ဗိုလ်မှူး နေမျိုးသူ၊ ရဲမှုးခင်မြင့်နှင့် ဦးမိုးကျော်နိုင်၊ မီးသတ်ဦးစီးမှူး ဦးကျော်စွာ နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်းနှင့် အဆိုပါ သင်တန်းတွင် မြို့နယ်မီးသတ်ဦးစီးမှူးမှ သင်တန်းမှူးအဖြစ်ဆောင်ရွက်ပြီး သင်တန်းနည်းပြများအဖြစ် မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး၊ တပ်ကြပ်ကြီးများမှ သင်တန်းနည်းပြများအဖြစ် သင်ကြားပို့ချသွားမှာဖြစ်ပြီး ဘာသာရပ်များအဖြစ် မီးသတ်ပညာ၊ မီးသတ်ဉပဒေ၊ နည်းဉပဒေ၊ စစ်ရေးပြပညာ၊ ရှာဖွေကယ်ဆယ်ရေးပညာ၊ စီမံခန့်ခွဲမှုစသော ဘာသာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် ယင်းသင်တန်းသို့ တောင်သာ၊ ဝဲလောင်၊ ကျောဇီ၊ ရုံးစည်ကြီး ကျေးရွာများမှ အရန်မီးသတ် တပ်ဖွဲ့ဝင် သင်တန်းသား(၅၀)ဦး တက်ရောက်ခြင်းဖြစ်ကြောင်းနှင့် သင်တန်း ကာလမှာ(၄)ပတ်ကြာ မြင့်မည်ဖြစ်ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)