မောင်တော အောက်တိုဘာ ၄
ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန်ရေး အခြေခံလူဦးရေးစာရင်းနှင့် မြေပြင် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ် အောင်မြေဗောဓိရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မောင်တောမြို့နယ်ဦးစီးမှူး ဦးကျော်ရှိန်နှင့်ဝန်ထမ်းများ၊ မြို့နယ်ကော်မရှင်အဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ ကညင်တန်းရပ်ကွက်၊ အောင်မြေဗောဓိ ရပ်ကွက်တွင် အခြေခံအိမ်ထောင်စု လူဦးရေးစာရင်းရှိလူဦးရေနှင့် မြေပြင်တွင် အမှန်တကယ် နေထိုင်မှု ရှိ/ မရှိ တိုက်ဆိုင် စစ်ဆေးခြင်းများကို ဆောင်ရွက်ကြကြောင်း သိရသည်။
အောင်ကျော်စိန်၊ သက်လွင်စိုး (ပြန်/ဆက်)