ပေါင်းတည် အောက်တိုဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကြက်ခြေနီအသင်းက မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများတွင် ကျောင်းကြက်ခြေနီများပြန်လည်ဖွဲ့စည်းခြင်းကို ယမန်နေ့နံနက်က ပျဉ်းပင်ကန်ရပ်ကွက်ရှိ မှတ်တိုင်လမ်း၊ အလက(ခွဲ)ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးရဲမင်းထက်က အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးကြည်ထွန်းက ကြက်ခြေနီသမိုင်းကြောင်းအခြေခံမူများအကြောင်းနှင့် ကျောင်းကြက်ခြေနီသမိုင်းကြောင်းနှင့် ဖွဲ့စည်းပုံအကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါကျောင်းကြက်ခြေနီအသင်းတာဝန်ခံအဖွဲ့ကို တာဝန်ခံအဖြစ် ကျောင်းအုပ်ဆရာကြီး၊ ဥက္ကဋ္ဌအဖြစ် ဆရာမ ၁ ဦးနှင့် အဖွဲ့ဝင်အဖြစ် ဆရာမ ၂ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၄ ဦးတို့ဖြင့် ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးထံမှ သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)