မြစ်ကြီးနား အောက်တိုဘာ ၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ် ဗဟိုခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပရာ မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်ဝင်းမှ ဂုဏ်ပြုအဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ကန်တော့ခံဆရာကြီး ဦးထွန်းစိန်၏ အတ္တုပ္ပတိအား ပထဝီဝင်ဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာဆိုင်းအောင်က ဖတ်ကြားကာ ဘူမိဗေဒဌာန ပါမောက္ခဌာနမှူး ဒေါ်နီနီဝင်းမှ ဆီမီထွန်း၍ မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ အောင်ဝင်းနှင့် တက်ရောက်လာသည့် ဆရာ/ မများက သြကာသ ကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ခဲ့ပြီး ဒေါက်တာအောင်ဝင်းမှ ကန်တော့ခံဆရာကြီးအား ကန်တော့ငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ တက်ရောက်သည့် မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်၊ ပါမောက္ခ ဌာနမှူးများ၊ ဆရာ/ မများက ကန်တော့ခံဆရာကြီး ဦးထွန်းစိန်ထံမှ ဆုံးမသြဝါဒ စကားခံယူခဲ့ကြပြီး ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ကဗျာ၊ ပန်းချီ၊ ကာတွန်း၊ စာစီစာကုံးနှင့် ဆောင်းပါးပြိုင်ပွဲတို့တွင် ဆုရရှိခဲ့သည့် ကျောင်းသား/ သူများအား ဆုများအသီးသီး ပေးအပ် ချီးမြှင့်ခဲ့သည်။
ယော်ဆောင်(ပြန်/ဆက်)